Saturday, 5 May 2012

အမျိုးသမီးတဦးကို ဝိုင်းနှိပ်စက်နေကြတာပါ


တနသာရီတိုင်းဒေသကြီး၊ မိတ်ခရိုင်၊ ကျွန်းစုမြိုနယ်၊ ပထော်ကျေးရွာ (မြိတ်မြိုအရှေဘက်ကမ်း) တွင် နေထိုင်သူ မသန်းနု၊ အသက် ၃၈ နှစ် အိမ်ထောင်ရှိ၊ အမျိုးသမီးအား ခဲအိုဖြစ်သူက “စုန်း” ဟု ယိုးကာ၊ ကျွန်းစုမိုနယ်၊ ကမ်းကြီးကျေး ရွာသို့ ခေါ်ဆောင်ပြီး ဆရာကြမ်း (ဆရာယောင်ယောင် သမားယောင်ယောင်) ဦးမဲကြီးထံတွင် ၄ ရက်တာ ဆေးကုသမှု (ိုက်ပြီး ကု၊ အရက်တိုက်ကု) ခံယူရင်း သေဆုံးသွားခဲ့ပါသည်။
ဖြစ်စဉ်မှာ မသန်းနု အား (စုန်း) ဟု ယိုးမယ်ဖွဲ့ပြီး ပယောဂဆရာ မဲကြီး၊ သူမ၏ ခဲအို၊ ကျန်အပေါင်းအပါ ၂ဦး။ စုစုပေါင်း အမျိုးသား ၄ ဦးတိုမှ မတရားရိုက်နှက် နှိပ်စက်ကာ၊ ၄ရက်လုံး ထမင်းလဲမကျွေး၊ ဆဲဆို၊ လက်နက်ဖြင့် အမျိုးမျိုးသော ရက်စက်မှုတို့ဖြင့် ကုသရာ ၄ ရက်အကြာတွင် သေဆုံးခဲ့ပါတယ်။ တရားခံများကို ကျွန်းစုမြို့နယ် ရဲစခန်းတွင် အချုပ် ဖြင့်ထားရှိကြောင်း ကြားသိရပါတယ်။ တရားခံများထဲမှတဦးက MP4 ဖြင့် မှတ်တမ်းတင်ထားသော ဗွီဒီယိုမှတ်တမ်းကိုလဲ ရရှိထားကြပါတယ်။

Read More...

Wednesday, 25 April 2012

လမ်းပေါ်မှာ လူတွေဆီက ငွေသုံးရာ ကို လိုက်လံ ချေးငှားနေတဲ့ မဆုပိုပိုဟိန်း

ဧပြီလ ၂၃ ၇က်နေ့ နေ့ လည်ပိုင်းခန့် တွင် ရန်ကုန်မြို့ရှိ မြေနီကုန်း ဓမ္မာရုံလမ်းအနီးမှာ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြားနဲ့ အသက် ၁၂ အရွယ်ရှိ မဆုပိုပိုဟိန်းဟာ လမ်းပေါ်မှာ လူတွေဆီက ငွေသုံးရာ ကို လိုက်လံ ချေးငှားနေသည့်အတွက်လူတွေကသူမကိုမေးမြန်းကြည့်တဲ့ အခါမှာ သူမ အလုပ် လုပ်နေတဲ့ အိမ်ရှင် အဒေါ်က ငွေသုံးရာကို ချေးငှားဖို့  ခိုင်းတာဖြစ်ကြောင်း မဆုပိုပိုဟိန်းက Burma VJ Media ကိုပြောပါတယ်။

Read More...

SAW အဖွဲ့ ရဟန်းခံ ရှင်ပြု (၂၁ ဧပြီ ၂၀၁၂)

Read More...

Tuesday, 24 April 2012

မဲဆောက်မြို့ သက်ကြီးပူဇော်ပွဲ SAW ကလေးငယ်များ တင်ဆက်မှု


Read More...

Monday, 2 April 2012

မီးပူဖြင့် အကပ်ခံရသော အသက် (၁၅) နှစ်အရွယ် အိမ်ဖော်မလေး

၂၅၊ ၃၊ ၂၀၁၂ ရက်နေ့ ည ၁၂ နာရီခန့်တွင် ပဲခူးတိုင်းဒေသကီး၊ ပဲခူးမိုဥဿာမိုသစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေ ဇလမ်း၊ ပဲခူးတိုင်းဒေသကီး၊ လွှတ်တော်ဥက္က ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူြး ဒုတိယမိုနယ်တရားသူကီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက် (၁၅) နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပီး မီးပူဖြင့် ထိုးကပ်တာခံခဲ့ရကြောင်း သိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှမပြောပြရန်အမျိုမျိုခိမ်းခြောက်
ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ် ရာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများကတွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်း
ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမိုနယ်တရားသူကီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူတိုက်တာကြာ တယ်၊ မီတာခကုန်တယ်ဆိုပီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါ တယ်၊

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ် သူမှာ ပဲခူးတိုင်းဒေသကီး လွှတ်တော်ဥက္က ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမို၊ ဒုတိယမို့ နယ် တရားသူကီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပီး ယခုအချိန်ထိ အမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ (ကွယ်လွန်) သွား ပီးဖြစ်ပီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကီး ကျောက်ကီးမို၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမို၊ ဥဿာမိုသစ်၊ အမှတ် (၇) ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင်အိမ်ဖော်အလုပ်လာ လုပ်သော အသက် (၁၅) နှစ်အရွယ် မိန်းခလေးတဦး ဖြစ်ပါသည်။

Read More...

Wednesday, 21 March 2012

မိန်းခလေးတယောက်အကြောင်း

Read More...

Wednesday, 15 February 2012

၄၄ ကီလိုက မီးဘေးဒုက္ခတွေအတွက် SAW အဖွဲ့ လှုပ်ရှားမှု

မြန်မာရွှေ့ပြောင်း စိုက်ပျိုးရေးအလုပ်သမားတွေ အများစုရှိတဲ့ မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရားမြို့နယ်အတွင်းက ၄၄ ကီလိုမီတာ ပြောင်းကြီးဝင်းနဲ့ ပြောင်လေးဝင်းမှာ ၁၂-၂-၂၀၁၂ ရက်နေ့က နေအိမ်တွေ မီးလောင်သွားခဲ့တယ်။ မီးလောင်တဲ့အချိန်က ဝင်းတွေမှာနေထိုင်တဲ့သူ အားလုံးနီးပါး စိုက်ခင်းတွေမှာ အလုပ်လုပ်နေတဲ့ နေ့လည်အချိန် ဖြစ်နေ လို့ မြန်မာပြည်သားတွေပိုင်တဲ့ တဲအိမ်တွေအပြင် ပစ္စည်းအားလုံး မီးထဲပါသွားခဲ့တယ်။ ဒီမီးလောင်မှုမှာ ကလေးတဦး နဲ့ အမျိုးသမီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ လူဦးရေး ၂၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်။

၄၄ ကီလိုမီတာက မီးဘေးဒုက္ခသည်တွေအတွက် SAW အဖွဲ့မှ အိမ်ဆောက်ပစ္စည်း၊ စားစရာ သောက်စရာနဲ့ အိမ်သာ တည်ဆောက်အတွက် လိုအပ်နေတဲ့ ပစ္စည်းတွေကို ကူညီနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ကြတယ်။ မီဘေးဒုက္ခသည်တွေ ကျန်း မာရေးအတွက်လည်း SAW အဖွဲ့ရဲ့ နယ်လှည့်ကျန်းမာရေးအဖွဲ့မှ ကုသဆောင်ရွက်ပေးခဲ့ပါတယ်။

Read More...

Sunday, 29 January 2012

ကျောင်းပျော်ပွဲစား လေ့လာရေးခရီး


ှSAW အဖွဲ့အစည်းမှ ကလေးငယ်တွေကျောင်းတက်တဲ့ မဲဆောက်မြို့ ခန့်ပီပန်းကျောင်းမှ ပြီးခဲ့တဲ့ ၂၇ ရက်နေ့က မြို့ ဆောက်မြို့ထဲမှာ လေ့လာရေးခရီးသွားခဲ့ကြတယ်။ ဆရာ၊ ဆရာမတွေ ဦးဆောင်ခဲ့တယ်။ သွားခဲ့သော အဓိက ရည်ရွယ် ချက်မှာ ကလေးတွေကို ပျော်ရွှင်စေရန်၊ ဗဟုသုတရစေရန်၊ အသိပညာတိုးပွားစေရန် ဖြစ်တယ်။

လည်ပတ်ခဲ့တဲ့ နေရာတွေကတော့ မဲဆောက်ပန်းခြံ၊ မဲကုရွာ ၉ ရပ်ကွက်မှာရှိတဲ့ ဘုန်ကြီးကျောင်း စတဲ့နေရာတွေ ဖြစ်ပြီး၊ မဲဆောက်ပန်းခြံမှာဆိုရင် ကလေးတွေကို စာအုပ်တွေပေးဖတ်ခြင်း၊ သိပ္ပံခန်းမဆီကို ခေါ်သွားပြီး ကမ္ဘာမြေကြီးရဲ့ အ ကြောင်းကိုပြောကြားခြင်း၊ ကလေးများပျော်ရွှင်အောင် 3D ဇာတ်ကားများပေးကြည့်ခြင်း၊ ကလေးများကို လူ့၏ခန္ဓာကိုယ် အကြောင်း ပြောကြားခြင်း၊ ကလေးငယ်များလုပ်စေချင်သည့်အရာများကို ပေးလုပ်ခြင်း၊ အဆောက်အဦမှထွက်ကာ လေ ကောင်းလေသန့်များ ရှုခိုင်းပြီးနောက်၊ သစ်ပင်များအကြောင်း စသည့်အရာများကိုလေ့လာပြီး၊ မဲကု ၉ ရပ်ကွက်ရှိ ဘုန်း ကြီးကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ကြတယ်။








Read More...

Friday, 6 January 2012

ဇလွန် ကျောင်းသူလေးတဦးရဲ့ ရင့်ဖွင့်တိုင်ကြားချက်ပါ

Read More...

Monday, 2 January 2012

ဘာ လုပ် နေ ကြ တာ လဲ ...

Read More...

Tuesday, 29 November 2011

တရုပ်နိုင်ငံမှာ မိခင်ကနေ မွေးလာတဲ့ကလေးကို HIV ကူးစက်တဲ့နှုန်း ကျဆင်း

တရုပ်နိုင်ငံမှာ မိခင်ကနေ မွေးလာတဲ့ကလေးကို HIV ကူးစက်တဲ့နှုန်း ကျဆင်းလာတယ်လို့ ၂၈-၁၁-၂ဝ၁၁ နေ့ကလာတဲ့ (ဆင်ဟွာ) သတင်းတခုက ဆိုပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ ကူးစက်နှုန်း ၃၄့၈% ရှိခဲ့ရာကနေ ၂ဝ၁ဝ အကုန်မှာ ၇့၉% သာရှိတယ်လို့ တရုပ်ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုတာ ဖြစ်ပါတယ်။

၂ဝဝ၉-၂ဝ၁ဝ အတွင် တရုပ်အစိုးရက တောနယ်တွေမှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေး တိုးတက်လာစေအောင် တရုပ် ယွန် ၈့၃ ဘီလျန် (အမေရိကန် ဒေါ်လာ ၁့၃ ဘီလျန်) သုံးစွဲခဲ့ပါတယ်။ ဆေးရုံ-ဆေးခန်းတွေမှာ ကလေးမီးဖွါးတာ၊ သားအိမ်-ကင်ဆာ၊ ရင်သားကင်ဆာ စစ်ဆေးတာ၊ မိခင်ကနေ ကလေးကို HIV ကူးစက်တာ ကာကွယ်ရေး စတာတွေ ပါဝင်တယ်လို့ လက်ထောက် ကျန်းမာရေး ဝန်ကြီး Ma Xiaowei မဇိုဝေ က ပြောလိုက်ပါတယ်။

သူ့အဆိုအရ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ တောနယ်တွေက ကိုယ်ဝန်ဆောင်ပေါင်း ၁၃့၉ ယောက်ဟာ HIV/AIDS နဲ့ပတ်သက်တဲ့ ဆွေးနွေးအဖြေရှာမှုတွေ ရခဲ့ကြတယ်။

အစိုးရ ကိန်းဂဏန်းတွေအရ တရုပ်နိုင်ငံမှာ ပြီးခဲ့တဲ့ စတင်္ဘာလကုန်မှာ AIDS ရောဂါနဲ့ HIV ပိုးရှိသူပေါင်း ၄၂၉ဝဝဝ ယောက်ရှိနေတယ်။ ၁၁ လအတွင်း ၆ဝဝဝဝ တိုးလာတာ ဖြစ်တယ်။ စာရင်းသွင်းဦးရေအရ လျှော့ကျတာဖြစ်ပေမဲ့ အများကြီးကျန်နေသေးတယ်။

ယမုန်နာ ဆေးခန်းမှ ကူးယူသည် ....

Read More...

Monday, 21 November 2011

Burmese Children on Freedom of Expression


http://www.sampsoniaway.org/blog/2011/11/21/video-burmese-children-on-freedom-of-expression/ .. မှ

Read More...

Wednesday, 16 November 2011

ဂျာမနီတွင် လိင်ခွန်ကောက်ခံရေး မီတာများ တပ်ဆင်မည်


ဂျာမနီ နိုင်ငံရှိ မြို့တော်တခု ဖြစ်သည့် ဘွန်းတွင် လမ်းမများပေါ်တွင် ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေသူ အမျိုးသမီး များ အတွက် အခွန်ပေးဆောင်စေမည့် မီတာများ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယခုလို ပြုလုပ်ခြင်းမှာ နိုင်ငံ အတွင်း သက်တမ်းအကြာဆုံး အလုပ်တခုဖြစ်သည့် လိင်မှုလုပ်ငန်းများအတွင်း ပထမဆုံးအကြိမ်အဖြစ် အခွန်ကောက် ခံမှုကို ပြုလုပ်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ယခု အစီအစဉ်ကြောင့် လမ်းမများပေါ်တွင် ပြည့်တန်ဆာအဖြစ် ဆောင်ရွက်မည့် အမျိုးသမီးများအတွက် လမ်းမဘေးတွင် ထောင်ထားသည့် လက်မှတ်ရောင်း စက်မှတဆင့် ၎င်း တို့၏ အလုပ်မစတင်မီ အချိန်တွင် လက်မှတ်များ ဝယ်ယူရန် လိုအပ်မည်ဖြစ်ကာ တရက်တာအတွက် အခွန်ငွေကို ပေးဆောင် ရမည် ဖြစ်သည်။

ပြည့်တန်ဆာ လုပ်ငန်းမှာ ဂျာမနီ နိုင်ငံ ဘွန်းမြို့တွင် တရားဝင် သည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး ည ရှစ်နာရီ ၁၅ မိနစ်မှ နောက်နေ့ နံနက် ၆ နာရီအချိန် အထိ လုပ်ဆောင်ရန် ခွင့်ပေးထားကြောင်း သိရသည်။ အဆိုပါ အခွန်ငွေမှာ ပေါင်ငွေ ၅.၃၀ ကျသင့်မည် ဖြစ်သည်ဟု The Daily Telegraph သတင်းတွင်ရေးသားပါရှိသည်။

ယခုလို လက်မှတ် ရောင်းချမှု စတင်ချိန် နောက်ပိုင်းတွင် ရဲအရာရှိမှ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်မပါရှိပါ က ဒဏ်ကြေးပေးဆောင်ရန် သို့မဟုတ် အလုပ်လုပ်ခွင့် ပိတ်ပင်သည့် ပြစ်ဒဏ်များ ချမှတ်မည် ဖြစ်သည်။ လက်ရှိတွင် ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် ပြည်တန်ဆာ အဖြစ် လုပ်ကိုင်သူပေါင်း ၂၀၀ခန့် ရှိပြီး ယခုလုပ်ရပ်မှာ ဂျာမနီနိုင်ငံ လမ်းမများ အတွင်း ပြည်တန်ဆာများထံမှ ပထမဆုံး အကြိမ်အဖြစ် အခွန်ကောက်ခံခြင်းလည်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော် ပြခဲ့သည်။

http://knljapan.blogspot.com မှ ကူးယူဖေါ်ပြသည်
...

Read More...